Monday, March 25, 2013

Zapya

ဖိုင်တွေကိုဆိုဒ်ကြီးကြီးနဲ့အမြန်ပို့ချင်သူများအတွက်











ဒေါင်းလုပ်လင့်

ကွန်ပျူတာပေါ်မှာ Android App & Game Apk Logo ပုံလေးတွေကြည့်ချင်ရင်




ko Thi Ha: Android software တွေကိုကွန်ပျူတာပေါ်မှာ ပုံမြင်ရအောင်လုပ်တဲ့ဆော့ဖ်ဝဲ ပို့ပေးပါလား...။
မိမိတို့ ကွန်ပျူတာပေါ်မှာ Android App & Game Apk ဖိုင်လ်လေးတွေရဲ့ Logo လေးတွေ မြင်နိုင်ဖို့အတွက်ပါ... သေချာအောင် Software နှစ်မျိုးတင်ပေးလိုက်ပါတယ်... တစ်ခုနဲ့ အဆင်အပြေရင် နောက်တစ်ခုသုံးကြည့်ပါ... တစ်ခုက Install.bat ဖိုင်လ်လေးကို နှိပ်ပြီး Install ပေးရမှာပါ... နောက်တစ်ကတော့ Next အဆင့်ဆင့်နဲ့ Install ပေးရပါ့မယ်... စာတွေကတော့ ဂျပန်စာ လိုလို တရုတ်စာလိုလို ပေါ်နေပါလိမ့်မယ် ကွန်ပျူတာက ပြလာတဲ့ အတိုင်း Install ပေးလိုက်ပါ... 

Click Here to Download apkshellext v2.2

(OR)

Click Here to Download
 
 
 
credit to = http://www.winkabarkyaw.net 


Google Play ကို ၀င်ရောက်ရန် အခက်အခဲ ဖြစ်နေသူများအတွက်

ပြီးခဲ့ တဲ့ သောကြာနေ့ ကစတင်ပြီးမြန်မာနိုင်ငံကနေGoogle Play Store ကို တိုက်ရိုက်ဝင်ရောက်ပြီး Application များကို ဒေါင်းလုပ်ဆွဲ နိုင်ပါပြီ။ သို့ သော် ဒီလို ၀င်ရောက်တဲ့ အခါမှာ Android ဖုန်းတိုင်း ၀င် ရောက်ပြီး ဒေါင်းလုပ်ဆွဲနိုင်သလားဆိုတာမေးစရာရှိလာပါတယ်။ ဒါကလည်း User တွေအနေ နဲ့ မေး သင့် တဲ့ မေးခွန်းတစ်ခုပါ။ အကယ်၍ မိမိရဲ့  Device က Play Store ကိုဝင် ရောက် လို့ မ ရဘူး ဆို ရင် တော့ အောက်မှာ ပေးထားတဲ့  Google Play Support Device ဆိုတဲ့ လင့် မှာဝင်ကြည့် နိုင်ပါတယ်။ ၀င်ကြည့် လို့ မှ မိမိ device ဟာ List ထဲမှာမပါဝင်ဘူးဆိုရင် တော့Play Store ကို တရားဝင် Access မလုပ်နိုင်ပါဘူး။ ဒီList ထဲမှာပါပြီး ၀င်လို့ မရဘူးဆိုရင်တော့ အနည်းငယ်ပြင်ဆင်ရမှာတွေရှိပါတယ်။ ဥပမာ Samsung Galaxy Gio ပဲထားပါတော့ ။ Gio ထွက်ခဲ့ တဲ့ အချိန်တုန်း Play Store ဆိုပြီးတောင်
နာမည်မပြောင်းသေးပါဘူး။ Market အနေနဲ့ ပဲApp ပါဝင်လာတာပါ။ ပြီးတော့ ဖုန်းရဲ့ Firmware ကလည်း 2.2 (Froyo) နဲ့ လာတာပါ။ ဒါပေမယ့် 2.3.6 (Gingerbread) အထိUpdate ထွက်ထားပါတယ်။ Gio က play store ရဲ့ Support Device List ထဲမှာ ပါဝင်ပါတယ်။ဒါကြောင့် Market App ပေါ်က တောင် Access လုပ်ပြီး ၀င်ရောက် ဒေါင်းလုပ်ဆွဲ နိုင်ပါတယ်။ အဓိကပြောချင်တာကတော့ Google ရဲ့ အသိအမှတ်ပြုဘယ် Device မဆို play store ကိုဝင်လို့ ရပါတယ်။ ၀င်လို့ မရဘူးလို့ ပြောနေသူတွေလည်းရှိ ပါတယ်။ ဒီလို ၀င်လို့ မရတဲ့ သူ တွေ အတွက်ကတော့  Google Play Service ဆိုတဲ့ App ကို အောက်မှာပေးထားတဲ့ လင့် အတိုင်း ဒေါင်းလုပ်ဆွဲ ပြီး Install လုပ်ပါ။ ပြီးသွားရင် Setting>>About phone>>Software update ကို ၀င်Google အကောင့် နဲ့ Sign up လုပ် ပြီး FOTA update ကို ရယူပါ။ ဒီလို FOTA update ယူမှ GIO လို ဖုန်းမျိုးဆို ရင် နဂိုပါဝင်လာတဲ့  Google ရဲ့ Native app တွေကို update လုပ်ပေးမှာပါ။FOTA update လုပ်ရင် ဘာမှ ပြဿနာ မရှိနိုင် ပါဘူး။ Samsung ၊ HTC စတဲ့  branded ဖုန်းတွေအကုန်လုံး Google Native app တွေ Version နိမ့် နေရင် Update လုပ် နိုင်ပါတယ်။ ဒါတွေအကုန်လုပ်ပြီးရင်တော့  Play Store Access ရရှိပါပြီ။
Credit To =>
http://myanmardigitallife.blogspot.com/2013/03/google-play.html
သျှမ်းထက် (DL Tech Club)
credit to =    http://www.winkabarkyaw.net

Sunday, March 3, 2013

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင်


လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...

ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရငပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..
2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အာက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..


4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 

 ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..




တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင်  GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့.. ဒီမှာ တင်ထားတယ်

အဆင်ပြေပါစေနှော်..

Credit to : မောင်ပေါက်   
Credit to :   ၀င်းကမ္ဘာကျော်