Saturday, October 27, 2012

Android ဖုန်းများတွင် မြန်မာ Font ထည့်နည်း


မြန်မာ Font ထည့်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောမယ့်နှစ်နည်းထဲမှာ တစ်နည်းက Safe ဖြစ်/ လွယ်ကူပြီး နောက်တစ်နည်းကတော့ နည်းနည်းခက်ပြီး ဖုန်းတစ်ချို့ နဲ့ လဲ Compatible မဖြစ်ပါဘူး ... ဒါပေမယ့် ဖုန်းအားလုံးနည်းပါးဟာ မြန်မာဖောင့် ထည့်ဖို့ အတွက်ဆိုရင် Root လုပ်ပြီးသားဖြစ်နေမှရပါတယ် ...ကဲ .. Safe ဖြစ်တဲ့ ပထမနည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_1



ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. al...
low non-market application ကို on ပေးပါ ။ပြီးရင် Zawgyi One TTF-2.apk ဆိုတာကို အရင် install လုပ်ပါ. ထပ်ပြီးတော့ FontChanger.apk ကို install လုပ်ပါ (root လိုပါတယ်) ။ ပြီးရင်တော့ Font changer ကိုဖွင့်ပြီး ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။reboot ကျပါလိမ့်မယ် ဒါဆိုရင်တော့ ဖုန်းထဲမှာ မြန်မာ ဖောင့်တွေကို မြင်နေရပါပြီ ။ ရိုက်ဖို့ Keyboard တော့လိုနေပါသေးတယ် ကျွန်တော့်ထဲမှာ frozen keyboard နဲ့ Myandroid နှစ်မျိုးပါပါတယ် ။ကြိုက်တာကို install လုပ်လိုက်ပါ နှစ်မျိုးလုံးလုပ်လဲရပါတယ်။ frozen keyboard ကတော လူကြိုက်များပါတယ် .. install လုပ်ပြီးပြီဆိုရင် setting ထဲက language and Keyboard ထဲက frozenkeyboard တို့ myandroid တို့ ဘေးက အမှန်ခြစ်လေးကို ခြစ်ပေးပြီး OK လုပ်လိုက်ပြီဆိုရင်တော့ စာရိုက်တဲ့နေရာတွေမှာ ခဏဖိထားရင် select input method ဆိုတာပေါ်လာတဲ့နေရာမှာ သူတို့ ကို ရွေးပြီး မြန်မာလို ရိုက်လို့ ရပါပြီ ......

ဒုတိယ နည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_2

ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. allow non-market application ကို on ပေးပါ ။ပထမနည်းနဲ့ ကွာသွားတာကတော့ သူက ဖောင့်ကို change တာမဟုတ်ပဲ ဖုန်းထဲမှာ original ပါလာတဲ့ ဖောင့်နေရာ မှာ replace လုပ်တဲ့သဘောတရားမှာပါ။ ပထမဆုံး root explorer ကို install လုပ်ပါ။ပြီးရင် သူ့ ထဲကနေ စောစောကသွင်းထားတဲ့ DroidSans ကိုရှာပြီး copy လုပ်ပါ ပြီးရင် back နဲ့ / ပေါ်လာတဲ့နေရာအထိရောက်အောင်သွားပါ ။ရောက်ပြီဆိုရင် System ထဲကိုဝင်ပါ၊ ပြီးရင် font folder ထဲကိုထပ်ဝင်ပါ။ ပြီးရင်တော့ အပေါ်က Status bar ရဲ့ အောက်မှာ Mount R/O လို့ ပေါ်နေရင် အဲဒါကို တစ်ချက်နှိပ်လိုက်ပါ ။Read/only ဆိုရင် paste လုပ်လို့ မရပါဘူး။ R/W ဆိုတာပေါ်နေမှ paste လုပ်လို့ ရမှာပါ၊ Overwrite လုပ်မှာလားဆိုတာမေးပါလိမ့်မယ် Yes နှိပ်ပါ .... ဒါဆိုရင် reboot ချပြီးတာနဲ့ မြန်မာဖောင့်ရပါပြီ .... Myanmar Keyboard သွင်းနည်းကတော့ အပေါ်က အတိုင်းပါပဲ ....

No comments:

Post a Comment