Saturday, October 27, 2012

MP3, MP4 စတဲ့ Media File တွေမှာ Lyric ထည့်ခြင်း


Window Media Player မှာ Lyric တွေရေးချင်တဲ့သူတွေ အတွက်ပါ ၊မခက်ခဲ ပေမယ့်မသိသေးတဲ့ လူတွေအတွက် တော့တန်ဖိုးရှိမယ်ထင်လို့ ပါ။ ပထမဆုံး Window media player ကိုဖွင့်ပြီး alt တစ်ချက်နှိပ်ပြီး menu bar ကိုခေါ်လိုက်ပါ ။ Play > Lyrics,Captions and Subtitles ကိုအဆင့်အတိုင်းသွားပြီး On if available ကိုရွေးပေးပါ ။ဒါဆိုရင် Lyric ပါတယ်ဆိုရင် ပြပေးတော့ မှာဖြစ်ပါတယ် ။Lyric ကိုဘယ်မှာရေးရလဲဆိုတော့ ကိုယ်ရေးချင်တဲ့ mp3 ကို right-click နှိပ်ပြီး properties ကိုဝင်ပါ။ အပေါ်မှာ Summary Tab ကိုရွေးပါ ။အဲဒီ့ summary ထဲမှာ Lyrics ဆိုတာရှိပါတယ် ။ကိုယ်ရေးချင်တဲ့ သီချင်းစာသားကို noteoad မှာအရင်ရေးပြီး paste လုပ်တာအဆင်ပြေပါတယ်။ ဘာလို့ လဲဆိုတော့ summary ထဲမှာရိုက်ရင် အောက်တစ်ကြောင်းဆင်းလို့ မရလို့ ပါ ။မြန်မာလိုရော အင်္ဂလိပ်လိုရော ရိုက်လို့ ရပါတယ်။ စမ်းကြည့်ကြပါဦး download ပေးချင်ပေမယ့် connection က လုံးဝ upload လုပ်လို့ မရလို့  အသေးစိတ်မရှင်းပြရ တာ နားလည်ပေးကြပါ ။(မြန်မာပြည်ဆိုတော့ ဒီလိုပဲလေ)

No comments:

Post a Comment