Saturday, October 27, 2012

HTC One X ကို Root လုပ်နည်း


HTC Win Driver ကို Download လုပ်ပြီး PC မှာအရင် Install လုပ်ပါ
htcdev.com မှာ SignUp လုပ်ပါ
့htcdev.com/bootloader မှာ Select your Device မှာ All Other Supported Models
http://www.htcdev.com/process/continue မှာ yes လုပ်
http://www.htcdev.com/process/legal မှာ အမှန်ခြစ်ပြီး Proceed to Unlock Instructions လုပ်ပါ



Step 1,2,3,4 မှာလုပ်ခိုင်းတာက Battery ကိုပထမဆုံးဖြုတ်ပါ ပြီးရင် Volume down ကိုဖိပြီး power ကိုနှိပ်ထားပြီး boot loader mode ကို ခေါ်ပါ ။ပေါ်လာတဲ့ boot Loader mode မှာ Fastboot ဆိုတာ Highlight ဖြစ်နေပြီဆိုရင် power ကိုတစ်ချက်နှိပ်ပါ ။ ပြီးရင်တော့ USB Cable နဲ့  Computer ကို Join လိုက်ပါ။ step 5/6/7 မှာကတော့ Fastboot Mode မှာအလုပ်လုပ်မဲ့ File တွေကို Download လုပ်ပြီးနေရာချပေးတာပါ

Fastboot.rar Download
သူကတော့ SDK tools ကို Link ပေးထားပါတယ် ဒါပေမယ့်နည်းနည်းရှုပ်တယ်ထင်ရင် ကျွန်တော့် Link နေ Fastboot.rar ကိုဆွဲပြီး Desktop မှာ ဖြည်လိုက်ပါ ။ ပြီးရင် RUN မှာ cmd လို့ ရိုက်ပြီး (cd desktop) .. ရောက်သွားရင် (cd fastboot) ဒါဆိုရင် အောက်ကစာတွေကို ရိုက်ပါ
fastboot oem get_identifier_token
ရိုက်ပြီးတာနဲ့ Identifier Token ကျလာပါလိမ့်မယ် သူ့ အပေါ်မှာ right-click နှိပ်ပြီး Mark ကိုရွေးပါ ပုံမှာပြထားတဲ့ အတိုင်း select မှတ်ပြီး right-click တစ်ချက်နှိပ်လိုက်ပါ ..
selection ပျောက်သွားပြီး copy ကူးပြီးသားဖြစ်နေပါပြီ ..
ဒါဆိုရင်တော့ http://www.htcdev.com/bootloader/unlock-instructions/page-3
ရဲ့ အောက်ဆုံးနားက My Device Identifier Token အောက်ကိုသွားပြီး paste လုပ်လိုက်ပါ ...
ပြီးရင်တော့ သင့်ဆီကို (Sign in လုပ်ထားတဲ့ Gmail) ကို mail ပို့ ပါလိမ့်မယ် . ဖွင့်ဖတ်လိုက်ရင် အပေါ်နားမှာ link တစ်ခု (bootloader ဆီကို ဆက်သွားမယ့်) နဲ့ အောက်နားမှာ attached လုပ်ထားတဲ့ Unlock_code.bin ဆိုတာပါလာပါတယ် .. Unlock_code.bin ကို အရင် Download လုပ်ပြီး Desktop ပေါ်က fastboot ဆိုတဲ့ Folder ထဲကို ကူးထည့်လိုက်ပါ ။ပြီးရင်တော့ Mail ထဲက Link ကို နှိပ်ပြီး

http://www.htcdev.com/bootloader/unlock-instructions/page-4
ကိုသွားပါ ၊သူပြထားတဲ့အတိုင်း run ထဲမှာ cmd ခေါ်ပြီး cd desktop/fastboot ဆိုပြီး desktop ပေါ်က fastboot ကို ရောက်အောင်သွားပါ ပြီးရင်တော့ fastboot flash unlocktoken Unlock_code.bin ဆိုပြီးရိုက်ပါ ၊ ဒါဆိုရင် ဖုန်းမှာ Unlock Bootloader ? ဆိုပြီးပေါ်လာပြီး YES ကိုရွေးရင် Bootloader က Unlocked ဖြစ်သွားပါပြီ၊ (factory reset လဲကျသွားပါလိမ့်မယ်) ...
ဒါဆိုရင် Root လုပ်ဖို့ ပထမ အဆင့်အောင်မြင်သွားပါပြီ ။

ဒုတိယအဆင့်အတွက်ကတော့ အောက်က clockworkmod image တစ်ခုနဲ့  SuperUser ပါတဲ့ Zip တစ်ခုကို Download အရင်လုပ်ပါ ၊
recovery-clockwork-touch-5824-.img
OneXRootATT.zip

OneXRootATT.zip ထဲက CWM-SuperSU-v0.87.zip ကို zip ဖိုင်အတိုင်းထားပြီး ဖုန်း SD ထဲကူးထည့်ပါ
recovery-clockwork.img ကိုရပြီဆိုရင် အဲဒီ့နာမည်ကို အလွယ်တကူရိုက်လို့ ရမယ့် a.img လိုမျိုးပြောင်းပြီး desktop ပေါ်က fastboot ထဲကို ကူးထည့်လိုက်ပါ ... ပြီးရင် cmd ကို desktop ပေါ်က fastboot location ကို ရောက်အောင်သွားထားပြီး fastboot flash recovery a.img ဆိုပြီးရိုက်ပါ (recovery-clockwork.img ကို a.img လို့ ပြောင်းထားခဲ့ရင်) (USB Mode ကို Charge Mode မှာထားပါ) ၊
အားလုံးပြီးရင်တော့ Power Off ပြီး Vol - & Power နှိပ်ပြီး Bootloader ခေါ်ပါ .ပေါ်လာရင် အောက်က Recovery ကိုသွားပြီး Power button နဲ့ ဝင်ပါ ..
ဝင်ဝင်ချင်းမှာ Install zip from SD card ကို ရွေးပါ .
ထပ်ပေါ်လာရင် အပေါ်ဆုံးအကြောင်းကို ထပ်ရွေးပါ ..
ပြီးရင် အောက်နားက ကိုယ်သွင်းထားတဲ့ CWM-SuperSU-v0.87.zip ကိုရွေးပါ ..
ပြီးရင် YES- Install CWM-SuperSU-v0.87.zip ကိုရွေးပါ ..ပြီးပြီဆိုရင်တော့ Back လုပ်ပြီး Reboot လုပ်လိုက်ရင် SU ဆိုတဲ့ Super ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် ... Myanmar Font ကတော့ Method 2 နဲ့ လုပ်မှအဆင်ပြေပါလိမ့်မယ် ...
reference Video
part 1
part 2

No comments:

Post a Comment